ဒီနေ့ တော့ ကျွန်တော်လဲ ပျင်းနေတာနဲ့ Powerful ဖြစ်တဲ့ CMD တွေ အကြောင်းပြောပြပေးသွားပါမယ်။
So let’s begin…
ပထမဆုံး တစ်ခုကတော့ အားလုံးသိတဲ့ IP စစ်ဆေးတဲ့ Command ပါ
" ipconfig /all "
" ipconfig /all | findstr DNS "
ရိုက်ကြည့်လို့ရပါတယ်။ Ok နောက်တစ်ခုဆက်သွားပါမယ်။
ကိုယ့်စက်မှာ ဘယ် WiFi တွေ ချိတ်ဖူးလဲ? WiFi Password ကဘာလဲ ပြန်ကြည့်ချင်ရင် ဒီ cmd လေး သုံးလို့ရပါတယ်။
" netsh wlan show profile "
" netsh wlan show profile "xxxx" key=clear "
ကိုယ့်စက်ကနေ WiFi Hotspot လွှင့်မယ်ဆိုရင် ဒီ cmd လေးတွေရိုက်ပါ။
" netsh wlan set hostednetwork mode=allow ssid=xxxx key=123456789 "
" netsh wlan start hostednetwork " - start cmd ရိုက်မှ hotspot လွှင့်တာပါ။
" netsh wlan stop hostednetwork " - ပြန်ပိတ်ချင်ရင် stop cmd ရိုက်ပါ။
နောက်ထပ် Cmd လေးက Windows app တွေ Drivers တွေ ရှာမယ် down မယ် install လုပ်မယ် အဲ့နေရာမှာ အလွယ်တကူသုံးလို့ရတဲ့ cmd လေးပါ။ let's check it out
cmd လေးက " winget " ပါ
ရှာချင်တာကို " winget search " cmd လေးနဲ့ရှာတယ်။
install လုပ်မယ်ဆို " winget install " cmd သုံးတယ်။ အောက်ကပုံမှာ example ကြည့်လို့ရပါတယ်။
Boom!! No need chrome to search and download.. just 2 cmd 😉
နောက် cmd လေးကို Computer ရဲ့ BIOS ထဲကို ဘာ key မှ နှိပ်စရာမလိုဘဲ ဝင်လို့ရမဲ့ cmd လေးပါ။
" shutdown /r /fw /f /t 0 "
Reboot ကျပြီးသွားတာနဲ့ သူ့အလိုလို BIOS ထဲ ဝင်သွားမှာဖြစ်ပါတယ်။ This is cool right?
ဒီနေ့ တော့ ဒီလောက်ပါပဲ။
Author By PoneMyat